-------------- ပွဲမပြီးသေးခင် မန်ယူဘယ်တော့မှမရှုံးဘူးဆိုတဲ့ မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းပေးခဲ့သူ

Ad Code

Responsive Advertisement

ပွဲမပြီးသေးခင် မန်ယူဘယ်တော့မှမရှုံးဘူးဆိုတဲ့ မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းပေးခဲ့သူ

ပွဲမပြီးသေးခင် မန်ယူဘယ်တော့မှမရှုံးဘူးဆိုတဲ့ မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းပေးခဲ့သူ 

ယူနိုက်တက်အနေနဲ့ ကာဗာနီနဲ့ တစ်နှစ်သက်တမ်းရှိစာချုပ်ကို ထပ်မံချုပ်ဆိုလိုက်တာဟာ လူငယ်ကစားသမား ဂရင်းဝုဒ်အတွက် များစွာအကောက်အကူဖြစ်စေမှာ အမှန်ပါပဲ။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အတန်အသင့် ပုံစံကောင်းတွေပြသနိုင်ခဲ့လို့ ဒီရာသီမှာ တိုးတက်မှုတွေပိုရှိလာလိမ့်မယ်လို့ ပရိတ်သတ်တွေထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် လူငယ်ကစားသမားလေးရဲ့ အချစ်ရေးအရှုပ်တော်ပုန်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့မျှော်လက့်ချက်တွေပါ မှေးမှိန်ခဲ့ရပါတယ် ။

ထို့အတူပဲ အသင်းရဲ့တိုက်စစ်မှာရှိနေတဲ့ မားကပ်ရှ် ၊ မာရယ် နဲ့ ဂရင်းဝုဒ်တို့၃ယောက်မှာ မားကပ်ရှ်တစ်ယောက်သာလျှင် ပရိတ်သတ်တွေအားထားခဲ့ရပါတယ် ။ မာရှယ်ကလည်း ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့တာပါ ။ ဒါကြောင့် မန်ယူရဲ့ ရာသီအစပိုင်းတွေမှာ ပွဲကိုတော်တော်လေး ရုန်းခဲ့ရပါတယ် ။

ကာဗာနီဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာတော့ မန်ယူဟာ တဖြည်းဖြည်းနဲ့ အထိုင်ကျလာခဲ့သလို လိုအပ်နေတဲ့ အနိုင်ဂိုးတွေခြေပဂိုးတွေကို တဒိုင်းဒိုင်းကို စတင်မြင်တွေ့နေရပါတော့တယ် ။ အရင်က ပရိတ်သတ်တွေပြောသလိုပါပဲ ပွဲမပြီးသေးရင် မန်ယူမရှုံးဘူးဆိုတဲ့ မျှော်လင့်ချင်တွေ အသစ်ပြန်လည်ရှင်သန်လာခဲ့ပါတယ် ။

ကာဗာနီရဲ့ နောက်ထပ် တောက်ပခဲ့တဲ့အရာကတော့ လူငယ်ကစားသမားလေး ဂရင်းဝုဒ်ပါပဲ။ ဒီလူငယ်လေးဟာ ကာဗာနီဆီကနေ အနီးကပ်လေ့လာခွင့်ရနေသလို အက်ဒီဆင်ကိုယ်တိုင်က သေချာကိုသင်ကြားပြသပေးနေတဲ့ အနေအထားလဲရှိနေတယ်ဆိုတာ လူငယ်လေးသွင်းယူနေတဲ့ သွင်းဂိုးတွေက သက်သေပါပဲ ။ ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ ယူနိုက်တက်တို့ ပြန်လည်ထွန်းတောက်လာလိမ့်မယ်ဆိုတာ အသေအခြာပါပဲ ။

Post a Comment

0 Comments