-------------- မယ်စကြဝဠာ ရိုးရာဝတ်စုံပြိုင်ပွဲ၌ မြန်မာအလှမယ် သူဇာဝင့်လွင် Top 10 စာရင်းဝင်

Ad Code

Responsive Advertisement

မယ်စကြဝဠာ ရိုးရာဝတ်စုံပြိုင်ပွဲ၌ မြန်မာအလှမယ် သူဇာဝင့်လွင် Top 10 စာရင်းဝင်


မယ်စကြဝဠာ ရိုးရာဝတ်စုံပြိုင်ပွဲ၌ မြန်မာအလှမယ် Top 10 စာရင်းဝင်

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပနေတဲ့ မယ်စကြဝဠာပြိုင်ရဲ့ (National Costume) နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင်က  ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်အဖြစ် ရွေးချယ်ခံရပါတယ်။
မေလ ၁၄ ရက်က ယှဉ်ပြိုင်တဲ့ မယ်စကြဝဠာပြိုင်ရဲ့ ရိုးရာဝတ်စုံတွေထဲကနေ  အံ့မခန်းစွဲမက်စရာအကောင်းဆုံးအလှမယ် ၁၀ ယောက်စာရင်းကို missosology ဝက်ဆိုက်ကနေ ရွေးချယ် ဖော်ပြရာမှာ  ကင်မရွန်းအလှမယ်ရဲ့ ရိုးရာဝတ်စုံက ထိပ်ဆုံး နံပတ် ၁ အဖြစ် ရွေးချယ်ခံရပါတယ်။ 
နံပတ် ၂ ဒုတိယနေရာမှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က ရွေးချယ်ခံရပါတယ်။   
တကယ်တော့ မြန်မာအလှမယ် သူဇာဝင့်လွင် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် ဝတ်စုံကတော့ ကံမကောင်းစွာနဲ့ ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက် ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။  မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ သူဇာဝင့်လွင်ကို ခုလို အကောင်းဆုံးဝတ်စုံစာရင်းဝင်ဖို့ အကျိုးရှိစေခဲ့တာဖြစ်ပါတယ်။ 
ဒါ့အပြင် မြန်မာအလှမယ်သူဇာဝင့်လွင်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး  ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက်ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။ 

Post a Comment

0 Comments