-------------- ထောင်ထဲမှနေ သားသမီးနှစ်ယောက်ကို တွေ့ချင်စိတ်နဲ့ မျက်ရည်များကျသည်အထိငိုယိုမိခဲ့တယ်ဆိုတဲ့ ပြေတီဦးတို့ဇနီးမှောင်နှံ

Ad Code

Responsive Advertisement

ထောင်ထဲမှနေ သားသမီးနှစ်ယောက်ကို တွေ့ချင်စိတ်နဲ့ မျက်ရည်များကျသည်အထိငိုယိုမိခဲ့တယ်ဆိုတဲ့ ပြေတီဦးတို့ဇနီးမှောင်နှံ


ထောင်ထဲမှနေ သားသမီးနှစ်ယောက်ကို တွေ့ချင်စိတ်နဲ့ မျက်ရည်များကျသည်အထိငိုယိုမိခဲ့တယ်ဆိုတဲ့ ပြေတီဦးတို့ဇနီးမှောင်နှံ
 
​ပြည်သူချစ် အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ မအူဝဲတို့ ဇနီးမောင်နှံကို အားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ် ။ ပြေတီဦးတို့ ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာ သိမ်းချိန်ကတည်းကစတင်ပြီး ပြည်သူတွေဘက်မှရပ်တည်ကာ စစ်အာဏာရှင်ကို အပြင်းအထန်ပန့်ကွက်ခဲ့ပါတယ် ။

CDM လှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက်ပါဝင်ခဲ့သလို လူထုလှုပ်ရှာမှုသပိတ်တွေမှာလဲ လမ်းပေါ်ကပြည်တူတွေနဲ့အတူ ပါဝင်ပူးပေါင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ် ။ အဲ့ဒါတွေအပြင် စစ်အာဏာရှင်ကို တရားဝင် ကန့်ကွက်တာတွေအထိပါရှိလာချိန်မှာတော့ ၅၀၅ ပုဒ်မအတက်ခံရပြီး တိမ်းရှောင်ခဲ့ရပါတယ် ။ 
စစ်တပ်ကလည်း အပူတပြင်းခြေရာခံလိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့တဲ့နောက်ဆုံးမှာ အိမ်မှာကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကို အကြောင်းပြုခဲ့လို့ မိဘဆိုတဲ့အတိုင်း ငါသာခံမယ် ငါ့သားသမီး မထိစေရဆိုတဲ့ စိတ်နဲ့ စစ်တပ်ကို ထွက်ဆတွ့ရင်ဆိုင် အဖမ်းခံခဲ့ရတာပါ ။

အဖမ်းခံရပြီး ထောင်အတွင်မှာ ရက်ရှည်ကြာလာပြီဖြစ်တာနဲ့အမျှ မိဘရဲ့ သံယောဇဥ်တွေ စတင်လောင်မြိုက်လာခဲ့ပြီး အပြင်မှာ ရှိတဲ့ခဲ့တဲ့ သားနဲ့သမီးကိုတွေ့ချင်လို့ မအူဝဲမှ မျက်ရည်များကျသည်အထိအောင် ဝမ်းနည်းစွာ တောင်းဆိုခဲ့ပါတယ် ။ ဒါပေမယ့် မအူဝဲရဲ့ တောင်းဆိုချက်က အထမမြောက်ခဲ့ဘူးလို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေမှတဆင့် ပြန်လည်ကြားသိရပါတယ် ။ ပြည်သူ့နဲ့အတူရပ်တည်ခံတဲ့ မအူဝဲတို့ ဇနီးမောင်နံနှစ်ယောက် အမြန်ဆုံးပြန်လည် လွတ်မြောက်လာပြီး ချစ်သောမိသားစုနဲ့ အပြန်ဆုံးပြန်လည် ဆုံတွေ့နိုင်ပါစေလို့ ဆန္ဒပြုဆုတေယင်းပေးပါတယ် ။

Post a Comment

0 Comments