-------------- ထောင်ထဲမှာ စိတ်အခြေနေဆိုးဝါးနေတယ်ဆိုတဲ့ အဆိုတော် ပိုပို

Ad Code

Responsive Advertisement

ထောင်ထဲမှာ စိတ်အခြေနေဆိုးဝါးနေတယ်ဆိုတဲ့ အဆိုတော် ပိုပို

ထောင်ထဲမှာ စိတ်အခြေနေဆိုးဝါးနေတယ်ဆိုတဲ့ အဆိုတော် ပိုပို 

အဆိုတော်ပိုပိုဟာ အာဏာသိမ်းချိန်က စလို့ အပြင်းအထန်ကန့်ကွက်ခဲ့သလို ဆန္ဒပြမှုတွေ CDM လှုံဆော်မှုတွေမှာလဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။

အဲနောက်မှာ စစ်တပ်ဟာ သူမကို သတိပေးမှုတွေပြုလုပ်ခဲ့ပြိီး နောက်ဆုံးမှာတော့ ၅၀၅ နဲ့ အမှုဖွင့်ခဲ့ပါတယ် ။ ဧပြီလ ၁၅ရက်နေ့ မှာတော့ အဆိုတော်ပိုပိုဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ် ။
အဖမ်းဆီခံရချိန်မှာလဲ သူမဟာ ကြောက်ရွံ့မှုတွေ့ရပဲ မှတ်တမ်းဓါတ်ပုံရယူချိန်ထိတောင် အပြုံးမပျက် စစ်ကောင်စီကို ဆန့်ကျင်ခဲ့တဲ့ ပုံတွေဟာ လူမှုကွန်ယက်အထက် ပျံ့နှံ့သွားခဲ့ပါသေးတယ် ။

အခုလဲ ထိုနည်းထူပါပဲ ထောင်ထဲမှာ လက်၃ချောင်းကိုထောင်ကာ စစ်ကောင်စီ ဆန့်ကျင်ရေး ကြွေးကျော်သံများကို ဆက်လက်ကြွေးကျော်နေဆဲလို့လဲသိရပါ။ အစောင့်များက နည်းအမျိုးမျိုးသူမကိုဟန့်တားနေပါသော်လဲ မရဘူးလို့ သိရပါတယ် ။ ပြည်သူအရှေ့မှာ ရပ်တည်ပေးခဲ့တဲ့ အဆိုတော်ပိုပို အမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ ဆန္ဒပြုမိလိုက်ရပါတယ် ။

Post a Comment

0 Comments