-------------- NUG အနေနဲ့ People Defence Force ကို ကြေညာလိုက်တယ် ဆိုတာ တကယ်တော့ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို အညင်သာဆုံး စသွားလိုက်တာပါပဲ

Ad Code

Responsive Advertisement

NUG အနေနဲ့ People Defence Force ကို ကြေညာလိုက်တယ် ဆိုတာ တကယ်တော့ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို အညင်သာဆုံး စသွားလိုက်တာပါပဲ

NUG အနေနဲ့ People Defence Force ကို ကြေညာလိုက်တယ် ဆိုတာ တကယ်တော့ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို အညင်သာဆုံး စသွားလိုက်တာပါပဲ။ 

၁၉၈၈၊ ၂၀၀၇ တို့နဲ့မတူတာက ဒီတစ်ခေါက် နွေဦးတော်လှန်ရေး ဟာ Urban Warfare လို့ ခေါ်တဲ့ မြို့ပြစစ်ပွဲ တွေပါ ပထမဦးဆုံး ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ပြည်သူ သဘောတူလို့ ကိုယ်စားပြု အစိုးရ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးကိုရွေးပြီဆိုတာ နိုင်ငံတကာကို ပထမဆုံး ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ 

အင်မတန် သတိအကြီးကြီး ထားရမှာ ဖြစ်သလို၊ အစစ အရာရာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ကိုယ်တတ်နိုင်သမျှ ပါဝင်ကူညီကြဖို့ လိုအပ်လာတော့မှာပါ။ 

မြို့ပြပြောက်ကျား ရဲ့ အားသာချက်ကတော့ ပြည်သူပါတဲ့ ဘက်က နိုင်တာပါပဲ။ ၁၉၆၂ ကစပြီး မြန်မာပြည်ဟာ တော်လှန်ရေးကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ခဲ့ပြီးပါပြီ။ 

အခု လမ်းစဥ်ဟာ ခေတ်အဆက်ဆက် တော်လှန်ရေး ကနေ နောက်ဆုံးထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက် ပါပဲ။ လက်နက်ကိုင် တော်လှန်ရေး သာလျှင် ရှိတော့လို့ ဒီလမ်းစဥ်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

PDF ဖွဲ့တော့မယ်ဟေ့ လို့ ဝမ်းသာနေရုံနဲ့ မပြီးဘဲ ပြည်သူတစ်ဦးချင်းစီ ဟာ Urban Warfare ထဲ ရောက်သွားပြီဆိုတာကိုပါ တစ်ခါတည်း ပြင်ဆင်ကြရတော့မှာပါ။ ပြည်သူတွေ ညီရင် ကျိန်းသေနိုင်မယ့်ပွဲပါ။

Post a Comment

0 Comments