-------------- စကစ အထိအနာဆုံး CDM ကတော့ ကျန်းမာရေး ပညာရေး ပို့ဆောင်ရေး၀န်ကြီးဌာနလက်အောက်က မီးရထား ၀န်ကြီးဌာနတို့ဖြစ်ပါတယ်

Ad Code

Responsive Advertisement

စကစ အထိအနာဆုံး CDM ကတော့ ကျန်းမာရေး ပညာရေး ပို့ဆောင်ရေး၀န်ကြီးဌာနလက်အောက်က မီးရထား ၀န်ကြီးဌာနတို့ဖြစ်ပါတယ်

မြန်မာ့မီးရထား စီဒီအမ် ဝန်ထမ်းများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ စီဒီအမ် နဲ့ လာဘ်စားတဲ့ဌာန အချိုးက ပြောင်းပြန် ကျတယ်။
အကြမ်းဖျင်းအားဖြင့်လာဘ်စားမှု နည်းရင် 
စီဒီအမ်များတယ် 
လာဘ်စားမှုများရင် စီဒီအမ်နည်းတယ်။ 
မယုံရင် ဒေတာ ထည့်ပြီး regression analysis လုပ်ကြည့်။စည်ပင်၊ဆောက်လုပ်ရေး၊လျှပ်စစ်စွမ်းအင်၊ စီမံဘဏ္ဍာ/စက်မှု၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
စိုက်ပျိုးရေး/မွေးမြူရေး/ဆည်မြောင်းဝန်ကြီးဌာန
တွေအောက်က ဦးစီးဌာနတွေဟာ Non CDM အလွန်များတဲ့ ဌာနတွေဖြစ်တယ်။ထူးခြားချက်အနေနဲ့ သယံဇာတ/ပတ်ဝန်းကျင်အောက်က သစ်တောဦးစီးဌာန နဲ့ စိုက်မွေးဆည်အောက်က မွေးမြူရေးနှင့်ကုသရေး၊ အသေးစားစက်မှုလက်မှုလို ဦးစီးဌာနတွေက CDM ရာခိုင်နှုန်းများတာတွေ့ရ။ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရတွေအောက်မှာရှိတဲ့စည်ပင်ဌာနတွေဟာလည်း Non CDM အလွန်များတာတွေ့ရတယ်။ပညာရေးနဲ့ ကျန်းမာအားကာ ကတော့CDM
အများဆုံးပါ စစ်အုပ်စုဟာဒီနှစ်ခုကို အရမ်းကြောက်တာတွေ့ရတယ်။သို့သော်တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်ရေးယန္တရားဆိုတာခွေးသွားစိပ်လိုပဲ အားလုံးပါမှပြန်လည်ပတ်နိုင်တာဖြစ်တယ်။ဘယ်ဝန်ကြီးဌာနကပဲဖြစ်ဖြစ်
 CDM လုပ်သူဝန်ထမ်းများကိုအထူးကျေးဇူးတင် 
လေးစားပါတယ်။
ဥပမာအနေနဲ့ပြောရရင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မီးရထားဦးစီးဌာနက ဝန်ထမ်းများရဲ့ CDM လုပ်မှုဟာ 
အတော်ထိရောက်တာတွေ့ရတယ်။

Credit. Matthew Laphai

Post a Comment

0 Comments