-------------- ဗိုလ်မှူးဟိန်းသော်ဦး။တပ်မ၉၉ကနေCDMလုပ်ပြီးပြည်သူ့ဘက်ကိုပူးပေါင်းခဲ့သူ။

Ad Code

Responsive Advertisement

ဗိုလ်မှူးဟိန်းသော်ဦး။တပ်မ၉၉ကနေCDMလုပ်ပြီးပြည်သူ့ဘက်ကိုပူးပေါင်းခဲ့သူ။

ပြည်သူ့စစ်သားကောင်းများအများကြီးထပ်ပေါ်ထွက်လာနိုင်ပါစေ...
ဗိုလ်မှူးဟိန်းသော်ဦး။
တပ်မ၉၉ကနေCDMလုပ်ပြီးပြည်သူ့ဘက်ကိုပူးပေါင်းခဲ့သူ။
သူ့ရဲ့ပထမအကြိမ်DVBနဲ့အင်တာဗျူးမှာတော့သူ့သားတွေနဲ့ပတ်သက်ပြီး..
"ကျွန်တော့်သား၂ယောက်ကိုတိုင်းပြည်အတွက်လှူခဲ့ပါပြီဗျာ။သားတို့ရေ..အဖေမင်းတို့ကိုချစ်ပါတယ်။အဖေ့ကိုနားလည်ပေးကြပါ"လို့ငိုသံပါကြီးနဲ့ပြောခဲ့သူ။
ဝမ်းနည်းကြေကွဲတတ်တဲ့၊ခံစားတတ်တဲ့ဖခင်တစ်ယောက်။တကယ့်လူသားတစ်ယောက်။
... .... .... .... .... .... ....
အခုသူကလူငယ်တွေကိုစစ်သင်တန်းပေးနေပြီ။
မနက်ကRFAနဲ့အင်တာဗျူးမှာသူပြောပုံက...
"ကျုပ်ဒီလိုသင်တန်းပေးဖို့တစ်လလောက်ကြိုတင်ပြီးညှိနှိုင်းတာတွေလုပ်ရတယ်။
ကျုပ်ကတော့ဒီလူငယ်​တွေကိုအားရတယ်ဗျ။ကျုပ်သူတို့ကိုသေချာလေ့ကျင့်ပေးနေတယ်။". .တဲ့။
ပြောသမျှစကားတွေမှာသူ့ကိုသူသုံးတဲ့နာမ်စားက"ကျုပ်..ကျုပ်.."ဆိုတာတွေချည်းပဲ။
တကယ့်စစ်သားကောင်းတစ်ယောက်၊ခေါင်းဆောင်​ကောင်းတစ်ယောက်လေသံ။
.... ..... .... ..... ..... ....
စကားမစပ်..သူစစ်တက္ကသိုလ်မှာပြုစုခဲ့တဲ့စာတမ်းက"ပြည်သူ့စစ်မဟာဗျူဟာ"တဲ့။
Photo:Crd

Post a Comment

0 Comments