-------------- စစ်သားများလိုက်ပါစီးနှင်းလာတဲ့ သင်္ဘောနှစ်စီး ရွှေကူမြို့ ​ကျောက်ကြီးရွာအနီးတွင် ပစ်ခတ်ခံရပြီး ဒဏ်ရာရသူများပြား။

Ad Code

Responsive Advertisement

စစ်သားများလိုက်ပါစီးနှင်းလာတဲ့ သင်္ဘောနှစ်စီး ရွှေကူမြို့ ​ကျောက်ကြီးရွာအနီးတွင် ပစ်ခတ်ခံရပြီး ဒဏ်ရာရသူများပြား။

မေ ၆ရက်ညတွင် ကချင်ပြည်နယ် ရွှေကူမြို့သို့ ကမ်းဆိုက်​ရောက်လာ​သော စစ်​ကောင်စီစစ်သားများစီးနှင်းလိုက်ပါလာသည့် သင်္ဘောနှစ်စီးအား ကေအိုင်အေမှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီလက်နက်ကိုင်များ ထိခိုက်မှုများပြားပြီး သေဆုံးသူများလည်း ရှိကြောင်း သတင်းရရှိသည်။

“သင်္ဘောနှစ်စီးတက်လာတယ် တစ်စီးကပြန်ခေါက်သွားတယ်။ တစ်စီးက ဆက်မမောင်းရဲပဲ ရပ်နေတယ်။ ဒဏ်ရာရသူများကို လှေအသေး​တွေနဲ့ သယ်ယူနေကြတယ်။ ဒဏ်ရာရတဲ့သူတော်တော်များတယ်၊ သေဆုံးသူက ဘယ်လောက်ရှိလဲ မသိဘူး"ဟု ကေအိုင်​အို သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ သင်္ဘောနှစ်စီးသည် စစ်ကောင်စီလက်နက်ကိုင်များ၏ ရိက္ခာနှင့် လက်နက်များ သယ်လာသည့် သင်္ဘောဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

“ညက ကေအိုင်အေ​တွေ လာပစ်တော့ စျေးသည် မိန်းမကြီးက ကျွန်တော်တို့ ပြည်သူတွေပါလို့ အော်​တော့ စစ်သားတွေကလည်း ပြည်သူတွေပါလို့ လိုက်အော်တယ်။ အဲ့ဒါကြောင့် ကေအိုင်အေ​တွေက ဆက်မပစ်ဘဲ ပြန်သွားကြတယ်လို့ သိရတယ်"ဟု ရွှေကူမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် မြို့နယ်တော်တ်ောများများတွင် ကေအိုင်အေ နှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပြည်သူများ စစ်ရှောင်နေကြရသည်။

#sanghpaw #shwigu

Post a Comment

0 Comments