-------------- ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းပြိီး

Ad Code

Responsive Advertisement

ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းပြိီး

ပြည်သူ့ ကာကွယ်ရေး တပ်မတော်
****************************

ပုံတွင် တွေ့ရသည်မှာ နယ်စပ်ဒေသတွင် အားမန် အပြည့်နှင့် အပြင်းအထန် လေ့ကျင့်နေကြသော
လူငယ်များကို CNN သတင်းတွင် ဖေါ်ပြထားခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က NUG မှ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ်နိုင်ရန် အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော် People's Defense Force (PDF) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်၊ ယင်းသည် ပြည်သူတရပ်လုံး က မိမိတို၏ တိုးတက်ရာ တိုးတက်ကြောင်း ကို  နှစ်ပေါင်း ခြောက်ဆယ် နီးပါး ဖိနှိပ်ထားသည့် စစ်အာဏာရှင် စနစ်အား ရရာလက်နက်စွဲကိုင်ပြီး မြေလှန် ပြစ်တော့မည် ဖြစ်ကြောင်း ကို ကမ္ဘာသိ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး၏ ပဏမ ခြေလှမ်းလည်း ဖြစ်သည်။

လောလောဆယ်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်များတွင် ပြည်သူများက ကြံ့ကြံ့ခံကာ အာဏာသိမ်း တပ်များကို တွန်းလှန် ခုခံနေကြပြီ ဖြစ်သည်။

မလုပ်၍လည်း မရတော့သည့် အနေအထားအထိ ကမ်းကုန်အောင် ရက်စက်ယုတ်မာလာကြ၍လည်းဖြစ်သည်၊ ကုလသမဂ္ဂ ဌာနေ အဖွဲ့ United Nations Country Team (UNCT) မှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ကျန်းမာရေး အဆောက်အအုံ များ နှင့် ဆေးဝန်ထမ်း ပေါင်း ၁၅၈ ဦး တိုက်ခိုက်ခံခဲ့ရပြီး ဆရာဝန် ပေါင်း ၁၃၉ ဦး ထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ပါရှိသည်။ တိုက်ခိုက် ခံရသူများထဲတွင် ၁၁ ဦး သေဆုံးပြီး ၅၁ ဦး ဒဏ်ရာရရှိ သွားသည်ဟု ဆိုသည်၊ ဆေးရုံပေါင်း
၃၁ ရုံအားလည်း အာဏာသိမ်းတပ်များက သိမ်းပိုက်ထားဆဲ ဖြစ်သည်ဟု ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်က စာရင်းထုတ်ပြန်ခဲ့သည်။

ယခင်က ဆောင်ရွက် နိုင်ခဲ့သော ကိုဗစ်-၁၉ တုန့်ပြန်ကာကွယ်ရေး အဆင့်ကို ပြန်လည် ရောက်ရှိရန် အနည်း ဆုံး လိုအပ်နေသည်ဟုလည်း ဆိုသည်။

ထိုသို့ ပြောဆိုနေစဉ်မှာပင် အာဏာသိမ်းအဖွဲ့ အဖို့ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ လူကြားမကောင်းသောအဖြစ် နှင့် ကြုံရပြန်သည်၊ မန္တလေး အလုပ်သမား ဆေးရုံ အနီး ကိုဗစ်-၁၉ ထိုးရန် ကားထဲတွင် ထိုင် စောင့်နေသော တရုတ် အမျိုးသမီးတဦး အာဏာသိမ်းတပ်များ ၏ ကျည် ထိမှန်သေဆုံးသွားခဲ့ခြင်းပင် ဖြစ်သည်၊ အနီးအနားရှိ ဆိုင်ကယ်များမရပ်၍ လိုက်လံ ပြစ်ခတ်ရာမှ ထိမှန်သွားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးချိန်မှစ၍ တရုတ် လူမျိုး
လေးဦး အထိ သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

အာဏာသိမ်း အဖွဲ့က PDF အား မှူစရာ မလိုဟု ၎င်းတို့ တပ်များကို အားပေးသည့် အနေဖြင့် ရန်ကုန်တွင် ညမထွက်ရ အမိန့်ကို ည ၈ နာရီ မှ ၁၀ နာရီအထိ နောက်ဆုတ်ပေးလိုက်သည်။

လူမဆန်စွာ ပြစ်မှု ကျုးလွန်နေသူများအား အိုင်စီစီ အပါအဝင် အခြား တရားရုံးများတွင် တရားစွဲဆို နိုင်ရေး အတွက် သက်သေ အထောက်အထားများကို ပြင်ဆင်နေသည်ဟု NUG မှ အသစ်ဖွဲ့စည်းလိုက်သည့် လူအခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ညရောက်လျှင် ၎င်းတို့ ရန်ကြောက်၍ မီးမှောင်ချကာ နေနေကြရသော်လည်း နိုင်ငံ အနှံအာရုံတက် နှင့်  ညဉ့်ဉီးယံ သပိတ်တိုက်ပွဲများ ဆင်နွဲလျက် ရှိနေကြသည်။

အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် အမေရိကန် ကွန်ဂရက် အောက်လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အစည်း အဝေးနှင့် စပ်လျင်း ပြီး နောက်ထပ် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကယ်လီဖိုနီယား ရှိ အောက်လွှတ်တော် အမတ်  တက် လီယူ မှ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင် ၂၇ ဦးတွင် "ရိုဟင်ဂျာ" တဦးတလေမျှ မပါဝင်ခဲ့သည်အပေါ် မေးခွန်း ထုတ်ခဲ့ပြီး ထိုသို့ မပါဝင် သမျှ NUG အား ထောက်ခံရန် မိမိမှ အစိုးရကို တိုက်တွန်းမည် မဟုတ်ဟု ပြောဆိုခဲ့သည်။

ကုလ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြန်လည် ဖြေကြားရာတွင် လူသတ် စစ်အာဏာသိမ်း အဖွဲ့ကို ဖယ်ရှားပြီး နောက်ပိုင်းမှသာ မိမိတို့ အနေဖြင့် နိုင်ငံတကာ မှ လက်ခံ ကျင့်သုံးနေသော လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေများ နှင့် အညီ ကျင့်သုံးသွားနိုင်မည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

အမေရိကန် ကွန်ဂရက် အမတ်အချို့သည် အစ္စရေးတွင် လူဦးရေ ၏ ၂၀% ရှိသော အာရပ် လူမျိုးစုအား ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီ တခုတလေကိုမျှ ယခုအချိန်အထိ အစိုးရ ညွန်ပေါင်းအဖွဲ့တွင် ထည့်သွင်းခဲ့ဖူးခြင်း မရှိသည့် အဖြစ်ကို မေ့လျော့နေပုံ ရှိပေသည်။

လက်ရှိတွင် အာဏာသိမ်း အဖွဲ့၏ အဓိက နိုင်ငံခြားငွေ ရရာ ရကြောင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်နိုင်ရန် အရေး တကြီး လိုအပ်နေပြီ ဖြစ်သည်။

ဂျိူး ဘိုင်ဒင် မှ အစ ရန်ကုန်ရှိ အမေရိကန် သံအမတ်ကြီး အဆုံး မြန်မာပြည်သူများနှင့် အတူ ရပ်တည်နေပါသည်ဟု အမြုပ်ထွက်မတတ် ပြောဆိုနေချိန်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ မြန်မာပြည်သူများ အား ကိုယ်စားပြု ‌ပြီး လူသိရှင်ကြားတောင်းဆိုလိုက်ခြင်းကို အမေရိကန် အစိုးရမှ မည်သို့ တုန့်ပြန်လာမည်ကို စောင့်ကြည့်ရပေတော့မည်။

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးမှ ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ရှုတ်ချနေယုံမျှလောက်နှင့် မလုံလောက်ပဲ တကမ္ဘာလုံး အတိုင်းအတာဖြင့်လက်နက်တင်ပို့မှူ ပိတ်ပင်သွားရေး ကို ကုလ လုံခြုံရေး ကောင်စီမှ ပြဠာန်းပေးရန် တောင်းဆိုလိုက်သည်။

ကမ္ဘာတဝှမ်းရှိ အင်ဂျီအို အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကလည်း ကုလလုံခြုံရေး ကောင်စီ ကို အလားတူ တောင်းဆိုကြောင်း ကြေညာချက်များ
စုပေါင်း ထုတ်ပြန်ခဲ့ကြပြန်သည်။

ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ကေအင်ယူ မှ မတ်လ ၂၇ ရက်နေ့ မှ မေလ အစောပိုင်း ကာလအကြား တိုက်ပွဲပေါင်း ၄၀၇ ကြိမ် ဖြစ်ပွားခဲ့ရာ အာဏာသိမ်း တပ်ဖွဲ့ ဝင် ဗိုလ်မှုးကြီး၊ ဒုဗိုလ်မှုးကြီး အပါအဝင် စုစုပေါင်း ၁၉၄ ဦးအား သုတ်သင်နိုင်ခဲ့ပြီး ၂၂၀ ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအင်ယူ တပ်မဟာ (၅) ၏ ပြောခွင့်ရ ဒုဗိုလ်မှုးကြီး စောကလာဒိုးက ထုတ်ဖေါ်ပြောကြားလိုက်သည်။

တပ်မဟာ (၅) နယ်မြေသို့ ရန်သူလေတပ်မှ ၂၇ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ၄၇ ကြိမ် ပြစ်ခတ်လာခဲ့သည်ဟု ဆိုသည်။

ထိုအထဲတွင် လက်နက်ကြီးကျည် ၅၇၅ လုံး လူနေ ကျေးရွာများသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိကာ အိမ်ခြေ အလုံး ၂၀ နှင့် စာသင်ကျောင်း ၂ ကျောင်း မီးလောင် ပျက်စီးသွားသည်ဟု ဆိုသည်။

လက်ရှိ တွင် ဘဏ်များ ၈၀% အထိ ပြန်လည် လည်ပတ်လာနိုင်သော်လည်း အများစုသည် ဗဟိုဘဏ်မှ ထုတ်ပေးသော ငွေသား ကိုသာ အားကိုးနေရပြီး အေတီအမ် စက်များတွင်လည်း ထည့်လေ ကုန်လေ ဖြစ်နေသည်ဟု ဆိုသည်။ လူထုက
အာဏာသိမ်း အဖွဲ့ အပေါ် ယုံကြည်မှု တစက်မျှပင် မရှိကြသဖြင့် ‌မိမိတို့ ပိုင်ငွေများကို လက်ဝယ်တွင် သာ သိမ်းထားရန် စိတ်ပိုင်းဖြတ်ထားကြပြီ ဖြစ်၍ ဘဏ်များတွင် ငွေသား အဝင်မရှိပဲ အထွက်ချည်းသာ ဖြစ်လာနေသည်။

ငွေသား ပြတ်လတ်လာသဖြင့် လစာများကို အချို့ဌာနများတွင် အွန်လိုင်း မှ တဆင့် ထုတ်ပေးနေပြန်သဖြင့် အေတီအမ် များတွင် လူတန်းကြီး အမြဲလိုရှိနေပြီး အခြေအနေများက ကြာလာသည်နှင့် ‌ဆိုးဝါးလာနိူင်သည်၊ မော်လမြိုင်ရှိ ကမ္ဘော‌ဇ ဘဏ်ခွဲတခုတွင် သေနတ် ပြစ်ဖေါက်၍ လူအုပ်ကို ထိန်းခဲ့ရသည်ဟု Frontier Myanmar သတင်းတွင် ဖေါ်ပြထားသည်။

အရေးတော်ပုံ အောင်ရမည်!!!
Crd

Post a Comment

0 Comments