-------------- မိန်းကလေးတွေ မပြောပြတဲ့ သူတို့အကြောင်း

Ad Code

Responsive Advertisement

မိန်းကလေးတွေ မပြောပြတဲ့ သူတို့အကြောင်း

ယောကျာ်းလေးတစ်ယောက်အနေနဲ့ရေးတယ်ဆိုတော့
မိန်းကလေးတွေရဲ့အကြောင်းရေးရမှာပေါ့....
ဒါပေမယ့် မိန်းကလေးတွေဘက်က ဒီတစ်ခါရေးပရစေ....

မိန်းကလေးတွေ.....
သူတို့စိတ်ကနားလည်ရခက်တယ်ဗျ.....
မိန်းကလေးတွေအကြောင်း လေ့လာလို့မကုန်နိုင်တာကိုး
ကာတွန်းတွေ ကဗျာတွေ ပုံပြင်တွေ ပမာဖွဲ့ထားကြတယ်....
ဒါတွေက တကယ်ပဲအပိုမဟုတ်ခဲ့ဘူးးး
သူတို့ကိုယ်သူတို့တောင် တစ်ခါတစ်လေ မေးခွန်းတွေပြန်မေးတဲ့အထိ 
သူတို့ကို အဓိပ္ပါယ်သတ်မှတ်လို့မရဘူးးး

ဒါပေမယ့် တစ်ချို့နေရာတွေကြ နဲနဲရိုးရှင်းတယ်....
တပ်အပ်ပြောလို့မရပေမယ့် အနီးစပ်ဆုံးခန့်မှန်းလို့ရတယ်....
ကျွန်တော်တို့ယောကျာ်းတွေက သူတို့ထဲက အနည်းဆုံးတစ်ယောက်နဲ့
မဖြစ်မနေ ကြုံတွေ့ရမှာ...
တည့်ပြောရရင် သီးသန့် အကန့်တစ်နေရာမှာ relation တစ်ခုအတူတူတည်ဆောက်ရမှာ...
Relationship ပေါ့...
တည်ဆောက်နေတဲ့ကာလတွေမှာ ပြိုကွဲသွားတာတွေ အများကြီးရှိတယ်....
ပြိုကွဲပျက်စီးသွားတဲ့ပုံလည်း ပုံစံမျိုးစုံရှိတယ်....

ကျွန်တော်အခုပြောချင်တာ...
မိန်းကလေးတွေအပေါ် နားလည်မှုယူဖို့ လိုအပ်နေတဲ့အပိုင်း
တစ်ဦးကိုတစ်ဦးလိုချင်နေကြပါလျက် 
မဖြစ်နိုင်တော့ဘူးဆိုတဲ့အရာကို လက်ခံပြီး 
တစ်လမ်းစီဖြစ်မသွားအောင်ပေါ့....

⭐လေးနက်မှုမရှိတဲ့ အမည်ခံ relationship တွေကို 
   ကျွန်တော့စာထဲ ထည့်မပြောလိုပါဘူးးး

ဒီစာကိုဖတ်နေတဲ့ ခင်ဗျားဟာ single ဖြစ်ချင်ဖြစ်မယ်....
RS ဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ် လောလောလတ်လတ် ပြတ်တောက်ခဲ့တဲ့ broken တစ်ဦးဖြစ်ချင်ဖြစ်နေမယ် ။
ဘယ်သူပဲ ဖြစ်ဖြစ်ပါ....ကျွန်တော်ဒီစာကိုရေးသားတာဟာ
အလေးအနက်ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်....

မိန်းကလေးတွေ...
သူတို့နဲ့ စကားများကြတဲ့အခါ....
သူတို့ဖြေရှင်းချက်မပေးတာ ကျွန်တော်တို့ကြုံရပါတယ်....
ကျွန်တော်တို့ကလဲ အဲ့ဖြေရှင်းချက်လေးရရင် ပြသနာအဆုံးသတ်မဲ့သူပါ ။
ဒါပေမယ့် သူတို့မဖြေရှင်းပါဘူး...ဆင်ခြေမပေးပါဘူးးး
ဘာဖြစ်လို့လဲ ???

⭐ မိန်းကလေးတွေမှာ သူတို့မလုပ်ခဲ့တဲ့ 
   အပြစ်တင်ခံရတဲ့အရာအတွက်
   ဖြေရှင်းလိုတဲ့စိတ် မရှိပါဘူး ။

( ကျွန်တော်တို့ ယောကျာ်းလေးတွေကတော့ သူတို့လိုသွားလုပ်ရင်
အဲ့နေရာမှာတင်မသေမရှင်ဖြစ်သွားနိုင်တယ် )....

ဒါပေမယ့် ခင်ဗျားသူ့ကိုယုံကြည်တယ်လို့ သူယူဆတဲ့အခါ
ခင်ဗျားမမေးပဲနဲ့ ပြန်ပြောပြပါလိမ့်မယ်

- ကျွန်တော်တို့ဟာ....ကျွန်တော်တို့မိန်းကလေးတွေကို
  ဖြစ်စေချင်တဲ့ပုံစံ / အတွေး / မျှော်လင့်ထားတာ တွေ စိတ်ကူးထဲမှာရှိပါတယ် ။
  ဒါပေမယ့် ကျွန်တော်တို့မပြောပြဖြစ်ကြပါဘူး။ ဒီအတိုင်းမပြောဖြစ်တာပါ ။
  ဒါပေမယ့် ပြသနာသေးသေးလေးဖြစ်နေတဲ့အချိန်
  မျှော်လင့်ထားတဲ့ပုံစံမျိုးမဟုတ်တာနဲ့တိုက်ဆိုင်သွားတဲ့အခါ
  ဘာမှမဟုတ်တဲ့ပြသနာက တော်တော်လေးကြီးသွားပါတယ် ။
  ဒီလိုအခြေအနေကို မိမိကိုယ်ကိုမရိပ်မိကြတာ အမြဲတမ်းပါ ။

 - နားလည်မှုအပြည့်နဲ့ relationship ကိုပိုင်ဆိုင်ချင်ရင်
   ကျွန်တော်တို့ ဆန္ဒတွေကို ထိန်ချန်လို့မရပါဘူး။
   နားလည်မှုဆိုတာ တစ်ဦးတစ်ဖက်က တည်ဆောက်ရတာမဟုတ်ပဲ
   နှစ်ဖက်စလုံးကတဖြည်းဖြည်း update လုပ်ရတဲ့အရာပါ။

- လူတိုင်း မာနနဲ့ပါ ။ ဒါပေမယ့် relationship မှာတော့ တော်တော်လေး ဘေးထားရမဲ့ အထဲမှာပါပါတယ် ။
  ငါဟာ....ဘာဖြစ်တယ်...
  သူ့ထက်သာတယ်ဆိုတဲ့ မာန ခင်ဗျားမှာရှိနေသရွေ့...
  ခင်ဗျားဟာ ခင်ဗျားအားကျနေတဲ့ ကောင်းမွန်တဲ့ relationship ကို ပိုင်ဆိုင်ဦးမှာ မဟုတ်သေးပါဘူး။( အာမခံရဲပါတယ် )
  အမြဲတမ်းမဟုတ်ရင်တောင် အရင်ချော့ဖို့ဝန်မလေးပါနဲ့...အရင်စခေါ်ဖို့မတွန့်ပါနဲ့ ။
  မိန်းကလေးတွေဟာ ခင်ဗျားဘက်က စခေါ်ဖို့ကို ဆုတောင်းနေတတ်ပါတယ် ။
  ခင်ဗျားစခေါ်တာများလို့ ကြာလာရင် သူမ အေးဆေးဖြစ်သွားမယ် ယောင့်တတ်လာမယ်ဆိုတဲ့အတွေးကို လက်မခံပါနဲ့ ။
   အဲ့ဒီ့အတွေးဟာ အသုံးမကျဆုံးအတွေးပါ ။
   ကိုယ့်ဘက်က စစ်မှန်တဲ့အရာကိုပေးမှ ကိုယ်ဟာစစ်မှန်သူဖြစ်ပြီး ၊ စစ်မှန်တဲ့အရာကိုပဲ တန်ပြန်ရမှာပါ ။
    ယောကျာ်းလေးတော်တော်များများ ဒီအတွေးကိုလက်မခံနိုင်ကြပါဘူး။
    ဒါ့ကြောင့်လက်ခံလိုက်ပါ ။ အဲ့တာဟာ တခြားသူဆီမှာ ⭐သူမ မရနိုင်တဲ့⭐ ခင်ဗျားရဲ့အားသာချက်ဖြစ်သွားမှာပါ။
    ပြီးတော့ သူမက ခင်ဗျားကိုချစ်တဲ့အတွက် သူမဘက်ကလည်း ခင်ဗျားလို ကျင့်သုံးလာမှာပါ ။
 မမေ့ပါနဲ့ ၊ အမြဲတမ်းယောကျာ်းလေးဘက်ကစတင်ရမှာပါ ။

- မိန်းကလေးတွေဟာ ကြောင်တောင်တောင် အတွေးတွေကို 
  တမင်အချိန်ပေး တွေးလေ့ရှိပါတယ်။
  သူတို့ကြောင်တောင်တောင်မေးခွန်းတွေ မေးတဲ့အခါ 
  ကျွန်တော်တို့ စိတ်ထိခိုက်ရတဲ့အခြေအနေအထိဖြစ်တတ်ပါတယ် ။
ဥပမာ - ချစ်တို့ ပြတ်သွားကြရင်ရော? ၊
             ချစ်က ထားခဲ့ရင်ရော?
 အဲ့လိုမေးခွန်းတွေမေးလာခဲ့ရင် ခင်ဗျား စိတ်ထိခိုက်ဖို့မလို့ပါဘူးး
ဒါ သူတစ်ကယ်သိချင်လို့မေးတာပါ ။ သူမအတွက် မေးသင့်မမေးသင့်မစဉ်းစားမိပဲ ဆန္ဒအရထွက်သွားတဲ့မေးခွန်းသက်သက်ပါ ။ သူမမှာ နောက်တစ်ယောက်တွဲဖို့ အကြံအစည်လုံးဝလုံးဝမရှိပါဘူးး ။
ကျွန်တော်တို့ဘက်က အဲ့ဒီ့အချိန်ကြရင် လူကြီးဆန်ဆန်ပြန်ဖြေဖို့လိုပါတယ် ။ သူတို့ရဲ့စိတ်အခြေအနေဟာ အဲ့ဒီ့အချိန်မှာ အတွေးသက်သက်ပဲရှိတာမို့ 
အမှတ်ယူလို့ကောင်းတဲ့ အချိန်အခါပါ....

- အမှားအကြီးအကျယ် မလုပ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို
  ကျွန်တော် ခွင့်လွှတ်တယ်လို့ သွားပြောလိုက်ရင် 
  ကျွန်တော့ အပြုအမူဟာ positive မရောက်ပါဘူးး
  ခွင့်လွှတ်တယ်ဆိုတာအပြစ်ရှိမှပါ ။
  အထူးသဖြင့် မိန်းကလေးတွေဟာ ခွင့်လွှတ်ခံရတာကိုမကြိုက်ပါဘူး ။
  သူတို့ အပြစ်လုပ်ထားတယ်ဆိုရင်တောင် ခင်ဗျားအတိုင်းအတာတစ်ခုထိစိတ်ဆိုးတယ်ထားဦး ။
  ပြီးရင် ခွင့်လွှတ်တယ်လို့ပြောမဲ့အစား 
"  ဖြစ်တတ်ပါတယ် ၊ ကိုယ့်ဘက်ကနားလည်ပါတယ် ၊နောက်တစ်ခါမဖြစ်အောင်ဂရုစိုက်နော် " စသဖြင့်
ခင်ဗျားရဲ့ကြင်နာမှုကို အခွင့်အရေးအရ အသုံးချပြီး
သူမဆီက အမှတ် ပိုပိုပြီး ယူလို့ရပါတယ် ။

- အမှန်စင်စစ် မျက်မှောက်ကြားရတာတွေက မိန်းကလေးတွေဟာ ရုပ်ရည်ရူပါနဲ့စည်းစိမ်ကို မက်ကြတယ်လို့ ပြောစမှတ်ပြု ကြပါတယ်။ ဒီလိုပြောတဲ့သူအများစုက အဲ့လိုမိန်းကလေးချည်းနဲ့ပဲ ကံဆိုးစွာတွေ့ခဲ့တဲ့ ကံခေကြသူတွေများပါတယ် ။
  ဒီအတွေးကိုလက်ခံထားတဲ့ ယောကျာ်းတစ်ယောက်ဆိုရင်တော့ အဲ့ဒီ့အစွဲနဲ့ ခံယူချက်ဟာ ချွတ်ရခက်ပါတယ် ။ ဒါဟာ မိန်းကလေးလူနည်းစုပဲ ဖြစ်နိုင်သလို များချင်များနိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့သူ အပေါ် ယုံကြည်မှုမရှိပဲတော့ ရှေ့ဆက်လို့မရပါဘူး ။   ( ဒါ့ကြောင့် ကျွန်တော်လက်ခံပါတယ် ဒါပေမယ့် % နည်းတဲ့လက်ခံချက်မျိုးပါ ၊ personally အရ ပြောတာပါ )  ။

  အမှန်စင်စစ် ခင်ဗျားတို့အဲ့လိုတွေးရမဲ့အဲ့လိုအချိန်က သူဆီက အဖြေမရခင်ကပါ။
  သူမရဲ့ချစ်သူဖြစ်နေပြီဆိုရင်တော့ ဒီအတွေးကိုမတွေးသင့်တော့ပါဘူး ။ 
  ကျွန်တော်တို့က ထိရောက်တဲ့နွေးထွေးကျင်နာမှုကိုပြဖို့ 
  Ro ပြနေဖို့မလိုပါဘူး။ အိပဲ့နေတဲ့ စကားလုံးတွေ သုံးပြဖို့မလိုပါဘူး ( ကြာရင်ပေါ့ပျက်ပျက်နိုင်ပါတယ် ၊ အချိန်ကိုက်လေး ညှပ်သုံးတတ်ရင်တော့ အပြောချိုချိုလေးတွေကရွှေပေါ့ )  ။ အဲ့လိုအပြောတွေထက် ပထမဦးဆုံးလိုအပ်တာ ( အဓိကကျတာက)  မိမိကိုယ်ကို ယုံကြည်မှုရှိပါ ။ ဒါဟာ သူ့ရဲ့အားကိုးလိုစိတ်ကိုဖြစ်ပေါ်စေပါတယ် ။ ပြီးမှသူတို့အပေါ် ခင်ဗျားရဲ့ကြင်နာမှုကိုပြသရင် သူမအတွက် ပိုပြီးပြည့်စုံတဲ့ အရာဖြစ်မှာပါ။

- ပြသနာတစ်ခုဖြစ်လာရင် ထင်ကြေးနဲ့ဖြေရှင်းတာ သူတို့အကျင့် ၊ သူတို့စရိုက်ပါ
  ဘယ်လိုမှ ဖြေဖျောမရတဲ့ အဲ့လိုစရိုက်မျိးရှိနေပေမယ့်လည်း
   ကျွန်တော်တို့ဘက်က ကျိန်းသေအမှတ်အသွင်ပြောင်းရမှာပါ ။ စွပ်စွဲတယ်ဆိုတာကို ၊ မဟုတ်ခဲ့ကြောင်းသက်သေတွေနဲ့ အေးအေးဆေးဆေးပြောရပါမယ် ( အလုပ်ရှုပ်တယ်လို့ မထင်ပါနဲ့ သိပ်ကိုလွယ်ပါတယ် ) ။ ဒါဟာ သူတို့ရဲ့ပူလောင်နေတဲ့အတွေးတွေကို ထိုးခွင်းဖို့အကောင်းဆုံးနည်းပါ ။

-   တကယ်လို့သူမဘက်က အေးအေးဆေးဆေးမေးတယ်ဆိုရင်တော့ ခင်ဗျားတော်တော်ကံကောင်းတဲ့ယောကျာ်းလေးတစ်ယောက်လို့ ကျွန်တော်ပြောပရစေ ။

- မိန်းကလေးတွေဟာ ကျွန်တော်တို့ထက်ပိုရူးမိုက်လွယ်ပါတယ် ။
သူသံယောဇဉ်ရှိနေတဲ့ ခင်ဗျားး ဘာပဲဖြစ်နေဖြစ်နေ.....လူပုံအလယ်မှာ ခင်ဗျားလက်ကိုတွဲရဲပါတယ် ။ ခင်ဗျားအကြောင်း ပြောရဲပါတယ် ။ ခင်ဗျားအတွက်ဂုဏ်ယူပါတယ် ။
 ကျွန်တော်တို့ဘက်က ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာသာ ပေးနိုင်ဖိုလို့ပါတယ် ။

⭐ ဘယ်လိုလူသားမျိုးက ကိုယ့်ကို မယုံကြည်တဲ့သူတစ်ယောက်ကို တစ်ဘဝလုံးအတွက်ရွေးချယ်မှာလဲ ?

ကျွန်တော်တို့တွေဟာ နွေးထွေးပျော်ရွင်စရာကောင်းတဲ့ relationship ကို လိုချင်ကြပါတယ် ။
ဒါပေမယ့် အဲ့တာတွေကို ဒေါသ ၊ ဥပေက္ခာ ၊ အရွဲ့တိုက်တာ ၊ စွပ်စွဲ တာ ၊ တစ်ကိုယ်တော် မာနတွေ နဲ့ တည်ဆောက်လို့မရဘူးဆိုတာ မေ့နေကြပါတယ် ။(.နှစ်ဖက်စလုံးကိုပြောတာပါ )

ကျွန်တော်ရေးခဲ့တာတွေက မိန်းကလေးတွေအတွက် target ထားပေမယ့် နှစ်ဦးနှစ်ဖက်လုံးကိုရည်ရွယ်ပါတယ်။

သစ်ခတ်

Post a Comment

1 Comments

  1. Play The Real Money Slot Machines - Trick-Taking Game - Trick-Taking
    How to Play. Play https://octcasino.com/ The Real Money Slot 토토 Machine. www.jtmhub.com If you are 바카라 사이트 searching for a fun, exciting game https://febcasino.com/review/merit-casino/ to play online, we have you covered.

    ReplyDelete