-------------- မဟူယာ ခြေစွမ်းတွေနဲ့အတူ စူပါကမ်းဘတ် ပြန်လာနိုင်ခဲ့တဲ့ သရဲနီတပ်သားများ

Ad Code

Responsive Advertisement

မဟူယာ ခြေစွမ်းတွေနဲ့အတူ စူပါကမ်းဘတ် ပြန်လာနိုင်ခဲ့တဲ့ သရဲနီတပ်သားများ

မဟူယာ ခြေစွမ်းတွေနဲ့အတူ စူပါကမ်းဘတ် ပြန်လာနိုင်ခဲ့တဲ့ သရဲနီတပ်သားများ 
(အက်စ္စတွန်ဗီလာ ၁-၃ မန်ယူ)

ပွဲဆက်တွေများပြီး ပွဲပန်းနေခဲ့တဲ့ ယူနိုက်တက်ဟာ တိုက်စစ်မှုး ကာဗာနီကို အနားပေးမယ်ဆိုတဲ့ အကြံနဲ့ အရံစရင်းမှာ ထည့်သွင်းပြီး ပွဲထွက်လာခဲ့ပါတယ် ....

ပွဲစကတည်းက ယူနိုက်တက်ဟာ အိမ်ရှင်အသင်းကို တဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ရေခဲလူသားရဲ့ လူကပ်မှုအားနည်းပုံကြောင့် ဗီလာကပဲ အရင် လှော်ထည့်လိုက်ပါတယ် ...

ဦးဆောင်ဂိုးပေးလိုက်ရတော့မှာ ဖင်လေးနေတဲ့ ဂိတ်မှူးတွေ ရုန်းပါလေရော .....ဒါနဲ့ပဲ ပထမပိုင်းပြီးသွားတယ် ခြေပဂိုးက မရလိုက်ဘူး ....

ဒုတိယပိုင်းစတာနဲ့ ယူနိုက်တက်တို့ တိုက်စစ်မြှင့်ပြီး ကစားလာခဲ့တာကြောင့် ပေါ့ပါရဲ့ အတိုးအလှုပ်ကနေတဆင့် ပိန်းနှဲသီးတစ်လုံးရခဲ့တယ် ...
ဖာနန်ဒက်ကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့တယ် .....

ထုံးစံအတိုင်း တစ်လုံးတည်းနဲ့ မကျေနပ်နိုင်တဲ့ သရဲနီတပ်သားတွေရဲ့ အတင်းအကန်တိုက်စစ်ဖွင့်ချက်ကို ဗီလာနောက်တန်းတွေမခံနိုင်တော့ပဲ ပြိုကျခဲ့ရပါတယ် .... အဲ့ဒီနောက် လူငယ်တိုက်စစ်မှု ဂရင်းဝုဒ်က ​ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ ဂိုးသွင်းမုဆိုးကြီး ကာဗာနီကလည်း သူသွင်းယူနေကျပုံစံအတိုင်း တတိယမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်....

ယူနိုက်တက်ရဲ့ ဂေါင်ကြီးကတော့ ဒဏ်ရာရလို့ လူစားလဲလိုက်ရတဲ့အတွက် လက်ကျန် အရေးကြီးပွဲတွေက ဘယ်လိုဖြစ်လာမလဲ ဆိုတာ ရင်ခုန်စွားနဲ့စောင့်ကြည့်ရပါမယ် ....

Post a Comment

0 Comments